နိုင်ထော်မွန် ဂျပန်ခရီးစဉ် အင်တာဗျူး

နိုင်ဟံသာ(သို့)ထက်မြက်သည့်မွန်ခေါင်းဆောင်

ဆက်လက်အုပ်ချုပ်ချင်ရင် စစ်တပ် ရွေးကောက်ပွဲဝင်


နိုင်ဟံသာသည် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ မွန်ပြည်နယ် အခြေစိုက် မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဧရာဝတီက မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်၊ လက်ရှိအခြေအနေ စသည်တို့နှင့်ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။ ။ စစ်အစိုးရက အခြေခံဥပဒေကို ပြန်ပြီး သုံးသပ်မယ်၊ ပြင်ဆင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မလား။

ဖြေ။ ။ သူတို့က လက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်ကို ပြုပြင်မယ်လို့ ပြောတာတောင်မှ လက်ရှိ ဘယ်လောက်အထိ ပြုပြင်ခွင့်ပြုမယ် ဆိုတာကိုလည်း ကျနော်တို့က ဆက်ပြီးတော့ ကြည့်ရဦးမယ်။ ကျနော်တို့ရဲ့ လိုအပ်ချက်နဲ့ နီးသလား ဝေးသလားအပေါ် ကြည့်ပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကျနော်တို့ ဝင်သင့် မသင့် ဆိုတာကို ဆုံးဖြတ်မယ်။

မေး။ ။ မွန်ပြည်သစ်ပါတီက ပြုပြင်စေချင်တဲ့အချက်က ဘာလဲ။

ဖြေ။ ။ လက်ရှိ ဖွဲ့စည်းပုံက Unitary State (တပြည်ထောင်စနစ်) ဖြစ်တယ်။ တိုင်းရင်းသား အခွင့်အရေးတွေ မရှိဘူး။ ပြည်နယ်အုပ်ချုပ်ပိုင်ခွင့် ရှိသော်လည်း ဘာမှ အခွင့်ထူးအာဏာ မရှိဘူး။ ဗမာတွေအတွက် အခွင့်အရေး ရှိတယ်။ တိုင်းရင်းသားတွေကတော့ သူတို့ရဲ့စာပေ၊ ယဉ်ကျေးမှု၊ သူတို့ရဲ့ အမျိုးသား လွတ်လပ်မှု ဘာမှ မရှိပါဘူး။ ဒါကို မြင်ပြီးတော့ ဒီဖွဲ့စည်းပုံက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မဖြစ်နိုင်ဘူး။ ဒါက ကျနော်တို့ မကျေနပ်တဲ့ အချက်တချက် ဖြစ်တယ်။

နောက်တချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေး အတွက် ဖွဲ့စည်းပုံထဲမှာ အရမ်း နည်းတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ဒီ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီစနစ်မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ပြုပြင်ခွင့် ရမယ် ဆိုရင် ကျနော်တို့ရဲ့ အဓိက ပထမအချက် ပြုပြင်လိုတာက ဒီမိုကရေစီ စနစ် ပြည့်စုံရမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံက အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒါကို ပြုပြင်ပေးရမယ်။ စစ်တပ်က ပါချင်ရင် ရွေးကောက်ပွဲ ဝင်ပေါ့။ စစ်တပ်က အစိုးရဝန်ထမ်းပဲ။

ပြီးတော့ စစ်တပ်အကြီးအကဲတွေက အထူး အာဏာ ယူထားတယ်။ တချို့ ဝန်ကြီးဌာနတွေမှာ စစ်တပ်အရာရှိတွေ နေရာယူထားတာတို့၊ စစ်တပ်အကြီးအကဲက သူတို့အကြိုက် သူတို့ခန့်ထားခွင့် ရတာတို့ သူတို့မှာ အခွင့်ထူးရှိတာတို့ ဒါက ဒီမိုကရေစီစနစ် သဘာဝ မကျပါဘူး။ အမျိုးသား လုံခြုံရေး ကာကွယ်မှု ကောင်စီမှာ လိုအပ်ရင် အာဏာသိမ်းခွင့် ရှိတာတို့ ဒါက သဘာဝ မကျပါဘူး။ ဒါတွေကို ပြင်ပေးသင့်တယ်။

တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူမျိုးနဲ့ စာပေ၊ တိုင်းရင်းသား ဂုဏ်အင်္ဂါရပ် ပြည့်ဝတဲ့ လူမျိုးစု ၈ စု သို့မဟုတ် ဒီထက် ပိုများတာ ရှိရင် ရှိမယ်။ ဒီလူမျိုးစုတွေအတွက် ပြည်နယ် ထူထောင်ပိုင်ခွင့် ရှိရမယ်။

ပြည်နယ်တွေမှာလည်း အုပ်ချုပ်မှု အာဏာ၊ အခွင့်အရေး ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ ပြည်နယ်များ တန်းတူညီမှု အုပ်ချုပ်ပိုင်ခွင့် ပြဌာန်းချက် ရှိရမယ်။ တချို့ လူနည်းစုတွေအတွက် သူတို့ရဲ့ လူမျိုးစုဒေသ အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေး ရှိရမယ်။

မေး။ ။ တကယ်လို့ မွန်ပြည်သစ်ပါတီရဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက မလိုက်လျောဘူးဆိုရင် ရှေ့ဆက် ဘာလုပ်မလဲ။

ဖြေ။ ။ ဒါကတော့ မပြောနိုင်ပါဘူး၊ ကျနော်တို့ရဲ့ ရပ်တည်ချက်က စားပွဲဝိုင်းမှာ ပြဿနာ ဆွေးနွေးချင်တယ်။ တဘက်နဲ့ တဘက် ပစ်ခတ်ကြတာတော့ ကျနော်တို့ အလိုမရှိပါဘူး။ အပစ်အခတ် ရပ်စဲရေးကိုတော့ ကျနော်တို့ ထိန်းနိုင်သလောက် ထိန်းသွားမယ်။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်။

မေး။ ။ လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအရ ပြေလည်နိုင်တဲ့ အခွင့်အရေးလို့ မြင်သလား။

ဖြေ။ ။ လက်ရှိ ဖွဲ့စည်းပုံက ကျနော်တို့အတွက် ဘာမှ အခွင့်အရေး မရှိဘူး ဆိုတော့ ရွေးကောက်ပွဲ ဝင်ရင်တောင် တကယ်လို့ အမတ် တနေရာ ဖြစ်ခဲ့မယ် ဆိုရင် ဘာအခွင့်အရေးထူး ရနိုင်မလဲ။ ဒီ လက်ရှိ ဥပဒေနဲ့တော့ ရွေးကောက်ပွဲ သွားရင်တောင်မှ ကျနော်တို့ရဲ့ နိုင်ငံရေးပြဿနာက မဖြေရှင်းနိုင်ပါဘူး။

မေး။ ။ တကယ်လို့ တခြား အပစ်ရပ်အဖွဲ့တွေ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်ရော ဘာပြောချင်သလဲ။

ဖြေ။ သူတို့စိတ်ကြိုက် သူတို့ဝင်တော့ ။ ကျနော်တို့ အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ မွန်တိုင်းရင်းသားတွေ ဝင်ခဲ့ရင်တောင်မှ ကျနော်တို့က ဝေဖန်ဖို့ မရှိပါဘူး။ ကျနော်တို့ပါတီကိုယ်တိုင် မြင်တာက လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ဘာမှ အကျိုးအမြတ် မရှိပါဘူး။ ထူးခြားမှုလည်း ဘာမှ မရှိပါဘူး။

မေး။ ။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံမှာ ရွေးကောက်ပွဲဝင်ရေးအတွက် ထောက်ခံမဲနဲ့ ဆန့်ကျင်မဲ ဘယ်ဟာက များသလဲ။

ဖြေ။ ။ ညီလာခံမှာ ကျနော်တို့ ဖွဲ့စည်းပုံ ဥပဒေ ကို ပြန်ပြီး လေ့လာ သုံးသပ်တယ်။ ပြီးတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ ဘယ်လို ရှေ့ဆက် ရပ်တည်မလဲ၊ ဒါတွေကို ဆွေးနွေးတယ်။ ရွေးကောက်ပွဲ ဝင်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ညီလာခံမှာ ဘယ်သူကမှ ပြောတာ မရှိပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီထဲကနေ ခွဲထွက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့်သူ ရှိသလား။

ဖြေ။ ။ ကျနော်တို့ လက်ရှိ မမြင်သေးပါဘူး။ ရှိနိုင်မယ်လို့လည်း မထင်ပါဘူး။

မေး။ ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူး ဆိုတော့ အပစ် အခတ် ရပ်စဲရေးက ဘယ်လောက်အထိ ခိုင်မြဲမလဲ။

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ မူက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နိုင်ငံရေး ပြဿနာ အဖြေရှာမှုပဲ၊ ဒါက မှန်ကန်တဲ့ မူပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ယူလာပြီး နောက်ပိုင်းမှာ နိုင်ငံရေးအဖြေရှာခွင့်နဲ့ အချင်းချင်း ညှိနှိုင်းမှု လိုအပ်ချက်တွေ ဒီအချက်တွေ ဖြစ်မလာခဲ့ဘူး။ နိုင်ငံရေးအဖြေရှာဖို့ ဆိုပြီးတော့ ကျနော်တို့ကို အမျိုးသား ညီလာခံ တက်ခိုင်းတယ်။ ဒါပေမယ့် ညီလာခံမှာ သူတို့လူတွေပဲ များတယ်။ ပြီးတော့ မူတွေလည်း သူတို့ ရေးဆွဲထားတဲ့ မူတွေပဲ။ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေ သူတို့ရဲ့ လိုအပ်ချက်တွေ တင်ပြတယ်။ ဒါပေမယ့် အစိုးရက ဘာမှ အသိအမှတ် မပြုဘူး။ လက်မခံဘူး။ အဲဒီအတွက် ထွက်ပေါက် မရှိပါဘူး။ အမျိုးသားညီလာခံမှာ နိုင်ငံရး ညှိနှိုင်းအဖြေရှာမှု ဆိုတဲ့ အချက်က အဖြေပေါ်မလာပါဘူး။

မေး။ ။ အပစ်ရပ် အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိသလား။

ဖြေ။ ။ ရှိပါတယ်၊ ပုံမှန် ရှိနေပါတယ်။

မေး။ ။ ဗိုလ်ချုပ်ခင်ညွန့် အနားပေးခံရပြီးနောက်ပိုင်း ဘယ်ဗိုလ်ချုပ်နဲ့ ဆက်သွယ်မှု လုပ်နေသလဲ။

ဖြေ။ ။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးနဲ့ တွေ့နေပါတယ်။ တခါတလေ သူ့ရဲ့ ဂျီဝမ်း (စစ်ဦးစီးမှူး ပထမတန်း) နဲ့ တွေ့ပါတယ်။ များသောအားဖြင့် တိုင်းမှူးနဲ့တွေ့တာ များတယ်။ ဆက်ဆံရေးတော့ ကောင်းကြပါတယ်။

မေး။ ။ အမျိုးသားညီလာခံကို မထောက်ခံဘူး၊ အခြေခံဥပဒေကို မထောက်ခံဘူး စသဖြင့် ကြေညာချက်တွေ ထုတ်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိသလား။

ဖြေ။ ။ မရှိပါဘူး၊ ကျနော်တို့က ထိန်းပြီးတော့ ပြောပါတယ်၊ ပြောခဲ့ရင်တောင်မှ ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ပဲ ပြောတယ် ဆိုတော့ သူတို့ရပ်တည်ချက်နဲ့ သူတို့ ကျနော်တို့ရပ်တည်ချက်နဲ့ ကျနော်တို့ ဆိုတော့ တစုံတရာ ထိခိုက်သွားတာတော့ မရှိပါဘူး။

မေး။ ။ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဘာအကျိုးအမြတ်တွေ ရှိသလဲ။

ဖြေ။ ။ အပစ်အခတ် ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ်။ အပစ်အခတ် မရပ်ခင် ကာလတလျှောက် တချို့ရွာတွေမှာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခွင့် မရှိပါဘူး။ ရွာသားတွေ ထွက်ပြေးရတာတို့၊ ပေါ်တာဆွဲခံရ၊ အရိုက်ခံရတာတို့ ရှိတယ်။ သူတို့ စီးပွားရေးလုပ်ပိုင်ခွင့် မရှိခဲ့ဘူး၊ အခုတော့ လုပ်ခွင့်ရပြီ။ စီးပွားရေး ပိုင်ဆိုင်မှုတွေ တိုးတက်လာတာ ရှိတယ်။ တချို့နေရာတွေမှာ လမ်းတွေပြင်လာတာ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းလာတဲ့အတွက် သူတို့ခြံတွေ တန်ဖိုးရှိလာတယ်။ ခြံထွက်ပစ္စည်းတွေလည်း တခြားမြို့တွေကို ပို့ပြီးရောင်းလို့ ရတယ်။

နောက်တခုကတော့ ကျနော်တို့ပါတီကလည်း မြို့ကြီးပြကြီးတွေမှာရှိတဲ့ မွန်ပြည်သူလူထုနဲ့ ထိတွေ့မှု ရှိပါတယ်။ သူတို့နဲ့ နိုင်ငံရေး ဆွေးနွေး ဖြေရှင်းမှုတွေ ရှိလာတယ်။ အဲဒီအတွက် အမြင်တူလာတာ ရှိတယ်။ ပညာရေးဘက်ပိုင်းမှာလည်း ကျနော်တို့ တိုးချဲ့မှုတွေ ရှိလာတယ်။ ကျန်းမာရေးဘက်ပိုင်းကျတော့ ကျန်းမာရေး လုပ်သားတွေ သင်တန်းပေးပြီးတော့ မွေးထုတ်လာတာ ရှိတယ်။ ပါတီ အနေနဲ့ အာဏာပိုင်တွေ သိမ်းတာ ခံထားရတဲ့ ခြံမြေ တချို့ ပြန်လည် ရရှိဖို့ ကူညီဆောင်ရွက်ပေးတာ ရှိပါတယ်။

မေး။ ။ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ်ကြာလာချိန်မှာ ဘာအခက်အခဲတွေ ရှိသလဲ။

ဖြေ။ ။ အခက်အခဲကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ရပ်တည်လာနိုင်သလောက်တော့ သည်းခံပြီးတော့ ရပ်တည်ကြတယ်။ အခု ရပ်တည်ဖို့က လူထု ထောက်ပံ့မှု တချို့ကို ယူပြီးတော့ ရပ်တည်နေရတယ်။ အခု လောလောဆယ်ဆယ်မှာတော့ ရပ်တည်နိုင်ရုံပဲ ရှိပါတယ်၊ လုံလောက်မှုတော့ မရှိပါဘူး။ လူထုရဲ့ နစ်နာမှုကို ကြည့်ပြီးတော့ သည်းခံနိုင်သလောက်တော့ သည်းခံနေပါတယ်။

မေး။ ။ စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးတာ ထိရောက်မှု ရှိသလား။

ဖြေ။ ။ ကျနော့်အမြင် ပြောရရင် ပိတ်တဲ့နိုင်ငံကလည်း ပိတ်၊ ဖွင့်တဲ့ နိုင်ငံကလည်း ဖွင့်၊ ညီညွတ်မှု မရှိကြပါဘူး။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေက ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ သယံဇာတတွေကို ယူဖို့အတွက် စစ်အစိုးရကို ချဉ်းကပ်ပါတယ်။ ညီညွတ်မှု မရှိတော့ ဖိအားပေးမှုက ထိရောက်မှု မရှိသေးပါဘူး။

အစိုးရဘက်ကနေ ကြည့်ပြန်တော့လည်း သူတို့ဘက်က ခိုင်ခိုင် မာမာနဲ့ ရပ်တည်နေတယ် ဆိုတော့ လက်ရှိ အတိုင်းသာ ဖိအားပေးမှု အနေနဲ့ စားပွဲဝိုင်းထိုင်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုကြောင့် အာဏာပိုင်တွေလည်း အခက်အခဲတွေ ရင်ဆိုင်ရတာ ရှိပါတယ်။ ရေရှည် သူတို့ ဘယ်လို သွားမလဲ ဆိုတာကိုတော့ သူတို့ စဉ်းစားရမယ်။ ဒါကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုက အကျိုးမရှိဘူး လို့တော့ ပြောလို့ မရပါဘူး။ ။

ဂျပန် က မွန်ပြည်သစ်ပါတီ ရွှေရတုသဘင် ဂုဏ်ပြုပွဲ

မွန်ပြည်သစ်ပါတီ တော်လှန်ရေးခရီးအနှစ်(၅၀)ပြည့် ရွှေရတုသဘင်အခမ်းအနားကို လွန်ခဲ့သည့်ဒီဇင်ဘာလ ၂၃ ရက်နေ့က ရေးမြို့နယ်(အရှေ့ဖျားဒေသ) ဝယ်ဇင်ကျေးရွာ(ရေးမြို့မှ ၁၀ မိုင်ခန့်အကွာ)တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မွန်အမျိုးသား တပ်မတော်MNLA စစ်ကြာင်း(၇)ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထု တစ်သောင်းကျော် ချီတက်ခဲ့ကြသည်ကိုတွေ့ရှိရသည်။မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် အမှူးပြုသောသဘာတိအဖွဲ့၊ ဗဟိုကော်မတီဝင်များ၊ မွန်ရဲဘော်ဟောင်း များ၊ မွန်ပြည်သစ်ပါတီအုပ်ချုပ်ရေးဒေသ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်တို့မှ ကိုယ်စားလှယ် များ၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူထုလူတန်းစားအဖွဲ့ အသီးသီးတို့အပြင် အဖျက်သိမ်းခံ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့(MNDF) ဒု-ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်အချို့၊ ဒေသအသီးသီးမှ မွန်လူငယ်အဖွဲ့ဝင်များ၊ အဝေးရောက်မွန် များ၊ အပစ်ရပ်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားလှယ်တို့ တက်ရောက် ခဲ့ကြသည်။မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီးနိုင်ထောမွန် သဘာပတိမိန့်ခွန်း မြွက်ကြားရာတွင် မွန်ပြည်သစ်ပါတီ သက်တမ်း အနှစ် ၅၀ တိတိပြည့်ခဲ့သည်မှာ ပြီးခဲသည့် ဇူလိုင်လ (၂၀) ရက်ဖြစ်သော်ငြားလည်း အခြေအနေ အရပ်ရပ်ကြောင့် ယ္ခုပွင့်လင်းရာသီရောက်တော့မှ ကျင်းပနိုင်တော့ကြောင်း၊ ယ္ခုလိုမွန်ပြည်သူလူထုနဲ့ ဧည့်သည်တော်များကို မကြုံစဘူး မြင်တွေ့ရသဖြင့် ဝမ်းသာပီတိများစွာဖြစ်မိပြီး မွန်ပြည်သစ်ပါတီကိုယ်စား အထူးပင် ကျေးဇူတင်ရှိပါ ကြောင်း၊ မွန်ပြည်သစ်ပါတီသည် နိုင်ငံရေးပါတီဖြစ်သည်နှင့်အညီ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍မရ သည့်အတွက် မိမိမွန်ပြည်သူတို့၏ကိုယ်စား စစ်မှန်သောပြည်ထောင်စု တည်ဆောက်နိုင်ရေး မလွှဲရှောင်သာပဲ ဆက်လက် လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ရကြောင်း၊ နောက်တွင် အပစ်အခတ်ရပ်စဲရေးရယူနိုင်ခဲ့ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြင့်သာ ဖြေရှင်းနိုင်မည်ဟု မွန်ပြည်သစ်မှခံယူထားကြောင်း စသည်ဖြင့် ၁၅ မိနစ်ကြာခန့်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ၂၀၀၈ ဒီဇင်ဘာလ ၂၃ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ ရွှေရတုအထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်ကို ဖတ်ကြားပါသည်။ အဆိုပါထုတ်ပြန်ချက်တွင်၁၉၄၈ ခုနှစ် ဇန်ဝါရီ ၄ ရက်နေ့က အင်္ဂလိက်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်နှင့်အတူ မြန်မာနိုင်ငံသည်လည်း ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပါသည်။ တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီစနစ်ကို နည်းလမ်း မှန်ကန်စွာဖြင့် အကောင်အထည်မဖော်ခဲ့၍ ယင်းကဲ့သို့အစိတ်စိတ်အမွှာမွှာကွဲပြားခဲ့ ကြရခြင်းဖြစ်သည်။ မွန်ပြည်သူ့တပ်ဦးမှ ၁၉၄၈-၅၈ တွင်မွန်အမျိုးသားထုတရပ်လုံးအတွက်မိမိလူမျိုး ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရန် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပြီးသည့်နောက် ၁၉၅၈ ခုနှစ် ဇူလိုင်လတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွန်ပြည်သစ်ပါတီကိုဖွဲ့စည်းကာ မွန်အမျိုးသား ရေးတာဝန်ကို ဆက်လက် တာဝန်ယူခဲ့ပါသည်။ ၁၉၉၅ ခု၊ ဇွန်လ၂၉ ရက်တွင် နဝတစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် တတ်နိုင်သည့်ဘက်ကအကူအညီပေး လုပ်ဆောင်ခဲ့ပါသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ပြီး ပြည်ထောင်စုကြီး တိုးတက်သာယာဝပြောလာစေရန်အလို့ငှာ လူမျိုးပေါင်း စုံပါဝင်သည့် စစ်မှန်သော ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမှသာ အောင်မြင်နိုင်မည်ဟု အလေး အနက်ယုံကြည်ပါသည်။ မွန်ပြည်သူလူထုနှင့်လက်တွဲပြီး ကြိုးပမ်း လုပ်ဆောင်သွားပါမည်။ မွန်ပြည်သစ်ပါတီ ထာဝစဉ်အမြဲတမ်း ရပ်တည်နိုင်ရမည်ဟု ဖေါ် ပြပါရှိသည်။ထို့နောက် မွန်တမျီုးသားလုံးကိုကိုယ်စားပြုသည်။ Mon Affair Unionမှနိုင်သုဝဏ္ဏက မွန်တမျိုးသားလုံးသွေး စည်းညီညွတ်ရေးအတွက် မွန်လူထုလူတန်းစားအဖွဲ့အစည်းများ ဖေါ်ဆောင်သွားနိုင်မည့် နည်းလမ်းများကို တင်ပြသည်။ တွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်ချမ်းတွဲ့က မဟာမိတ်အဖွဲ့များ အသီးသီးမှပေးပို့သောဂုဏ်ပြု သဝဏ်လွှာ များမှ (KIO)ကချင်လွတ်မြောက်ရေးအဖွဲ့(အထူးဒေသ၂) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးပြည်သူ့ တပ်ဦးတို့၏ ဂုဏ်ပြုသဝဏ်လွှာကိုဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့စစ်ကြောင်း(၇)ကြောင်းနှင့်လူထုစစ်ကြောင်းတို့၏ သဘာပတိအဖွဲ့ကို အလေးပြုခြင်းဖြင့်အခမ်းအနားကိုနံနက် (၈:၅၆) နာရီတွင်စည်ကား သိုက်မြိုက်စွာ ရုတ်သိမ်း ခဲ့ပါသည်။ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်ဇူလိုင်လ (၂၀) ရက်နေ့တွင် ဥက္ကဋ္ဌကြီးနိုင်ရွှေကျင်(ကွယ်လွန်) စတင် ဦးဆောင် ခဲ့ပြီး ဥက္ကဋ္ဌ နိုင်နွန်လာ (ကွယ်လွန်)၊ ဥက္ကဌနိုင်ထင်(ကွယ်လွန်)နှင့် လက်ရှိ ဥက္ကဌ နိုင်ထောမွန်တို့မှာ မွန်ပြည်သစ်ပါတီကို အဓိကဦးဆောင်ခဲ့သူများဖြစ်ကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များ၏အဆိုအရ လာမည့်သီတင်းပတ်ခန့်တွင် မွန်ပြည်သစ်ပါတီဗဟို ၇ ကြိမ်မြောက်ဗဟို ညီလာခံကိုကျင်းပမည်ဖြစ်ပြီး ခေါင်းဆောင်များကို ပါတီ၏ စည်းမျဉ်း နှင့်အညီ အသစ်ပြန်လည် ရွေးချယ် ကြရမည်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင် အထည်ဖေါ်သွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ တွင်လည်း ဂုဏ်ပြုပွဲနှင့်နိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားတရပ်ကိုဒီဇင်ဘာလ၂၈ရက်နေ့ကကျင်းပခဲ့ကြပါသည်။
ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ <၀ီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉> ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။ ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။ ၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။ မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။ “မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။ ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။ မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။ သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။ ၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။ မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။ အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။

MNSP GOLDEN JUBILEE

ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်များ အခြေချ နေထိုင်ခွင့်ပြုတော့မည် Print E-mail
ဇာနည်
သောကြာနေ့၊ ဒီဇင်ဘာလ 19 2008 17:58 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာဒုက္ခသည်အချို့ကို နိုင်ငံတွင်း နေထိုင်ခွင့်ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။

၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀ ဦးကို ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုရန် အင်္ဂါနေ့တွင် ပြုလုပ်သည့် ၀န်ကြီးချုပ် တာရိုအဆော ကိုယ်တိုင် တက်ရောက်သော ဂျပန်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဒုက္ခသည်များ ခေါ်ယူ နေရာချထားရေးနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်များ လုပ်ဆောင်ရန် တိုကျိုမြို့တွင် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေကြဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်သံရုံး၏ နိုင်ငံရေးဌာနမှ ပထမအတွင်းဝန် မစ္စတာ တာနာက က မဇ္ဈိမကို ပြောသည်။

မြန်မာဒုက္ခသည်များကို ထောက်ပံ့ကူညီမည့် အစီအစဉ်များကို ဥပဒေရေးရာမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၉ ခုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးနေကြသည်ဟု သိရသည်။

ဒုက္ခသည်များကို ၁၅ ဦးခန့်စီ ၂ သုတ်ခွဲ၍ ခေါ်ရန် ကနဦး သတ်မှတ်ထားသည်ဟု မစ္စတာ တာနာကာ က ပြောသည်။

မြန်မာဒုက္ခသည်များ ဂျပန်နိုင်ငံတွင် ရပ်တည်နေနိုင်ရေးအတွက် ဘာသာစကား သင်တန်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ခေါ်ယူရေး အစီအစဉ်ကို ဂျပန်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်၍ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များ၏ တတိယ နိုင်ငံများသို့ အခြေချနေထိုင်မှုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြား ဥရောပနိုင်ငံများက လက်ခံကာ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဂျပန်နိုင်ငံသည် အာရှတိုက်တွင်းမှ ပထမဆုံး လက်ခံဆောင်ရွက်ပေးသည့် နိုင်ငံတခု ဖြစ်သည်။

၂၀၀၈ နှစ်ဦးပိုင်း ကုလသမဂ္ဂ စစ်တမ်းများအရ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ ပြင်သစ်နိုင်ငံသို့ ၁ သောင်းကျော်၊ အင်္ဂလန်နိုင်ငံသို့ ၆ ထောင်ကျော်နှင့် အမေရိကန် နိုင်ငံသို့ မြန်မာဒုက္ခသည် ၂ သောင်းကျော် အခြေချနေထိုင်ရန် ရောက်ရှိပြီး ဖြစ်သည်။

နိုင်မျိုးသွေး

နိုင်မျိုးသွေး
မွန်နိုင်ငံရေးအကျဉ်းသား နိုင်မျိုးသွေးကို ထောင်ပြောင်း
Tue 16 Dec 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ဖမ်းဆီးထောင်ချထားသော မွန်နိုင်ငံရေးသမား နိုင်မျိုးသွေးကို လွန်ခဲ့တဲ့အပတ်က ထောင်ပြောင်းလိုက်ကြောင်း နိုင်မျိုးသွေး၏ မိသားစုဝင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း ကပြောသည်။

အင်းစိန်ထောင်တွင် ထောင်ကျခံနေရသော မွန်နိုင်ငံရေးသမားဟောင်း နိုင်မျိုးသွေး အသက် (၄၂) နှစ်ခန့်ကို လွန်ခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး အင်းစိန်ထောင်မှ ပဲခူးတိုင်း သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ၄င်း၏ မိသားစုဝင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောသည်။

မိသားစုဝင်က သူ့ကို နှစ်လတစ်ကြိမ်ထောင်ဝင်စာ သွားတွေ့နေနိုင်ခဲ့ပြီး သာယာဝတီထောင်သို့ ပို့လိုက်သဖြင့် သူ့ကိုသွားတွေ့ရန် အခက်ခဲဖြစ်ရန်ရှိကြောင်း ဆိုသည်။

သူ့ကိုထောင်ပြောင်းလိုက်သည့်ကိစ္စကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီမှ အတည်မပြုနိုင်သေးသော်လည်း “အဓိကတော့ နိုင်ငံတကာနဲ့ မိသားစုအမြင်နဲ့ဝေးအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ ပိုပြီး ဒုက္ခရောက်အောင် ရည်ရွယ်ပြီးတော့ ပို့လိုက်တာဖြစ်တယ်” ဟု အေအေပီပီမှ ကိုဘိုကြီးက ပြောပြသည်။

ပြီးခဲ့သော နိုဝင်ဘာလမှစပြီး မြန်မာစစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၀ ခန့်ကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်ဟု အေအေပီပီမှ အတည်ပြုခဲ့သည်။

နိုင်မျိုးသွေးသည် မြန်မာနိုင်ငံရေးအကျဉ်းသား ၂၁၆၃ ယောက်ထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး အင်းစိန်ထောင်တွင် အကျဉ်းချခံနေရသူဖြစ်သည်။

နိုင်မျိုးသွေးသည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ခေါင်းဆောင်များ လုပ်ကြံမှုနှင့် မွန်နိုင်ငံရေးသမား နိုင်ယက္ခနှင့်အတူ ထောင်ဒဏ် တသက်တစ်ကျွန်း ချမှတ်ခံရသူ ဖြစ်သည်။

နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီ၏ စည်းရုံရေးသမားတစ်ဦးဖြစ်ပြီး မြန်မာစစ်ထောက်လှမ်းရေးဘက်မှ ဦးမျိုးချစ်(အမည်ရင်းမဟုတ်)ခေါင်းဆောင်သည့် လူတစ်စုမှ နိုင်မျိုးသွေးအပါအဝင် နိုင်ယက္ခခေါင်းဆောင်သည့် လူတစ်ဖွဲ့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးမျိုးချစ်သည် နိုင်ယက္ခနှင့်နိုင်မျိုးသွေးကို စီးပွားရေးလုပ်ရန်အတွက် ရန်ကုန်သို့ ခေါ်သွားပြီး အာဇာနည်နေ့မရောက်မီ ၂ ရက်အလိုတွင် ထမင်းကျွေးရန်အတွက် အိမ်တစ်အိမ်သို့ လှည့်ဖြားပြီး ခေါ်သွားခဲ့သည်။ အိမ်ထဲသို့ရောက်သည့်အခါ မြန်မာထောက်လှမ်းရေး အယောက်၂၀ ခန့် အိမ်ပေါ်၌ ရှိနေပြီး နိုင်ယက္ခ နိုင်မျိုးသွေးနှင့် အဖွဲ့ဝင်ငါးဦးကို အာဇာနည်ကုန်းကို ဖောက်ခွဲရန်လုပ်ကြံမှုနှင့် ထောက်လှမ်းရေးက ဖမ်းဆီးလိုက်သည်။

ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ အဏာပိုင်တွေက ရိုက်နှက်ပြီး ၄င်းတို့၏ပစ္စည်းဖြစ်ကြောင်း အတင်းလက်မှတ်ထိုးစေခဲ့သည်။ အာဏာပိုင်တွေကရုံးတင် စစ်ဆေးပြီး သေဒဏ် ချမှတ်ခဲ့သည်။

ဗုံးဖောက်ခွဲရေးကိစ္စသည် နိုင်ယက္ခနှင့်နိုင်မျိုးသွေး၏ ကြံစည်ချက်မဟုတ်ကြောင်း ဦးမျိုးချစ်၏ အကြံဖြစ်ကြောင်း တရားရုံးချုပ်ရှေ့နေ နိုင်ငွေရတို့ အယူခံဝင်ပြီးနောက် အာဏာပိုင်တွေက သေဒဏ်ချမှတ်ထားရာမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြောင်းလဲချမှတ်ခဲ့သည်။

မွန်ပြည်နယ်တောင်ပိုင်းလူ့အခွင့်ရေးချိုးဖောက်မှုများဆက်လက်ရှိနေ
Wed 10 Dec 2008,
မွန်စွန်း၊ ရိုင်မရော့
မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ မွန်ပြည်နယ် တောင်ပိုင်းဒေသနှင့် တနင်္သာရီတိုင်း ရေဖြူမြို့ နယ်အတွင်း အခြေချနေထိုင်သည့် မြန်မာစစ်အစိုးရ စစ်သားများသည် လူ့အခွင့်အရေးချိုး ဖေါက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။

ဗမာစစ်သားများသည် ပြည်သူများအပေါ် အတင်းအဓမ္မစေခိုင်းမှုများ၊ တရားမဝင်အကောက်ခွန် ကောက်ခံခြင်းများ၊ ရွာသူရွာသားများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ချိုးဖေါက်မှုများ အစရှိသည့် လူအခွင့်အရေး ချိုးဖောက်မှုများကို ယခင်ကထက်ပို၍ ကျူးလွန်လာခဲ့သည်။

မကြာသေးမီက နယ်စပ်သို့ ရေဖြူမြို့နယ်မှ မိသားစုအလိုက် ထွက်ပြေးရောက်ရှိလာသူများ၏ ပြောပြချက်အရ ဗမာစစ်သားများသည် ၄င်းတို့ကို ရွာပြင်ထွက်လျှင် ခရီးသွားလက်မှတ် လုပ်ရခြင်း၊ ရွာပြောင်းမည်ဆိုပါက ၄င်းတို့ကိုငွေပေးရခြင်း၊ ၄င်းတို့နေရန်အတွက် တပ်နေရာ ဆောက်ပေးရခြင်း၊ ညညဆိုလျှင် တပ်တွင်းမှာ စောင့်ပေးနေရခြင်းများ စသည်ဖြင့် တနည်း မဟုတ်တနည်းသုံးပြီး အမျိုးမျိုးနှိပ်စက်သည်ဟု ပြောသည်။

ဂတ်စ်ပိုက်လိုင်းအတွက် ရွာသူရွာသားများက လုပ်အားပေးစေခိုင်းမှုများ လုပ်ဆောင်ပေးနေရ သည့်အပြင် ပိုက်လိုင်းလုံခြုံရေးအတွက်လည်း ကင်းစောင့်ပေးနေရသည်။ မုဒုံမြို့နယ်အတွင်း ၌လည်း ဂတ်စ်ပိုက်လိုင်းလုံခြုံရေးကို ဒီကနေ့အထိပင် ကင်းစောင့်ပေး နေရသည်ဟု ဒေသခံ များက ပြောသည်။

“ကျနော်တို့ ပိုက်လိုင်းလုပ်တုန်းက အခိုင်းခံခဲ့ရတာပါ၊ အဲဒီတုန်းက ၇ ရက်ဆိုရင်တလှည့် ကိုယ့်ရိက္ခာနဲ့ ကိုယ်သယ်သွားရတယ်။ ၇ ရက်ပြည့်သွားလို့ နောက်တဖွဲ့ရောက်လာမှ ကျနော် တို့အိမ်ပြန်ရတယ်၊ သူတို့ရဲ့ နှိပ်စက်မှုဒဏ်တွေကို မခံနိုင်တဲ့အဆုံး ရွာကနေ ထွက်လာတာပါ” ဟု နယ်စပ်သို့ ထွက်ပြေးလာသူများက ပြောသည်။

ရွာသားများအပေါ် အတင်းအဓမ္မစေခိုင်းမှုအပြင် ရွာသားများကို ရိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ လည်းရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာလကလည်း အပြစ်မဲ့ရွာသားနှစ်ဦးကို ရေးမြို့နယ်တောင် ပိုင်းတွင် အခြေချသည့် ခလရ (၃၁) က ရိုက်နှက်ပြီး သတ်လိုက်သည်ဟု ရေဖြူမြို့ခံက ပြော သည်။

“လူ့အခွင့်အရေးချိုးဖေါက်မှုဟာ နိုင်ငံရေးနည်းစနစ်နဲ့ ပတ်သက်နေတယ်လို့ ကျနော်တို့ မြင်တယ်၊ ဥပမာ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေ လူ့အခွင့်အရေးခံစားခွင့် အပြည့်ဝရှိရမယ်၊ ပြောရေးဆိုခွင့်၊ တင်ပြနိုင်ခွင့်၊ အုပ်ချုပ်မှုမှာလည်း ပြည်သူတွေက ရွေးချယ်ပိုင်ခွင့်ရှိမှ အကျိုးဖြစ်ထွန်းမှုရှိမှာပါ၊ စစ်အစိုးရက ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူထားတာပြီး အနှစ် ၂၀ ကြာ အုပ်ချုပ်လာခဲ့တာ သူတို့ရဲ့ အာဏာတည်တံ့ဖို့အတွက် နိုင်ငံရေးလှုပ်ရှားသူတွေကို လိုက်ဖမ်းမယ်၊ ထောင်ချမယ်၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် လူ့အခွင့်အရေးက ဆိုးသည်ထက်ဆိုးသွားရုံပဲ ရှိမယ်” ဟု မွန်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ ဒါရိုက်တာ နိုင်ကစောက်မွန်က ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှု များလာသည်နှင့်တဆက်တည်းမှာ ကရင်၊ ရှမ်း စသော တိုင်းရင်း သားလူမျိုးဒေသများထဲမှ စစ်ရေးအရထိုးဆင်မှုများ လျော့ကျရန်မရှိဘဲ များလာတာပဲရှိသည်။ တရားမဝင်အခွန်ကောက်ခံခြင်း၊ အဓမ္မစေခိုင်းခြင်း၊ လာဘ်စားခြင်းအပြင် ပညာရေး၊ ကျန်းမာ ရေးအစရှိသော လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာစစ်အစိုးရက ချိုးဖေါက်နေဆဲဟု ၄င်းက ပြောသည်။

“အခု မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုဟာ များလာတယ်လို့ ပြောလို့ရတယ်၊ ဒီတစ် လနှစ်လအတွင်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ၊ နာဂစ်ကူညီသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချနေတာ၊ နောက်ပြီး နိုင်ငံရေးလှုပ်ရှားသူတွေ လုံးဝလှုပ်ရှားလို့မရအောင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတယ်” ဟု နိုင်ကစောက်မွန်က ဆက်ပြောသည်။

ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပေါင်းစုံနိုင်ငံသား များအနေဖြင့် အပြည်ပြည်ဆိုင်ရာ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူသားတိုင်း ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများကို ရရှိခွင့်များ ဆုံးရူံးနေပြီး အဆိုးရွားဆုံးသော နိုင်ငံသားအခွင့်အရေးဆိုင်ရာ ချိုးဖေါက်ခံရမှုများနှင့်သာ ကြုံတွေ့ခံစားနေရသည်မှာ တစ်ကမ္ဘာလုံး အသိပင်ဖြစ်သည်ဟု အနှစ် (၆၀) ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ထုတ်ပြန် ကြေညာချက်မှာ ထုတ်ပြန်ထားပါသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ.(လွတ်မြောက်နယ်မြေ)ဖွဲ့စည်းတည်ဆောက်ပုံ

Saturday, January 17, 2009

(က) ပြည်သူတရပ်လုံး၏ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးအပြည့်အ၀ရရှိစေရန်။
(ခ)ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက်
ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသော
လူမျိုးရေးတန်းတူညီမျှမှုဖြင့် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကိုတည်ဆောက်ရန်။
(ဂ)ထာဝစဉ်ငြိမ်းချမ်းရေးရရှိရန်။
(ဃ)တပါတီစနစ်နှင့်စစ်အာဏာရှင်စနစ်
ပြန်လည်မထွန်းကားလာစေရန်။